Share to: share facebook share twitter share wa share telegram print page

ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်

ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် လီမိတက်
Ayeyarwaddy Farmers Development Bank
အမျိုးအစားပုဂ္ဂလိကဘဏ်
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၂၂ ဒီဇင်ဘာ ၂၀၁၄
ဌာနချုပ်ပုသိမ် ရန်ကုန် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များဦးအာယု (ဥက္ကဋ္ဌ)
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ “A” Bank ရုံးချုပ်ပုံ

ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက် (အင်္ဂလိပ်: Ayeyarwaddy Farmers Development Bank; အတိုကောက် A Bank) သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် တွင် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာ နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ စတင် တည်ထောင်ခဲ့သည်။[] ဘဏ်ရုံးချုပ်များကို အမှတ်(၁၀၈)၊ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗိုလ်ချို (၁) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး နှင့်အမှတ်(၃၃)၊ မဟာဗန္ဓုလလမ်းနှင့် မြိုင်ဟေမာလမ်းထောင့်၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဖွင့်လှစ်ထားသည်။ ဦးဆောင်သူမှာ ဦးအာယု ဖြစ်သည်။[][][] ၂၀၂၄ အချက်အလက်များအရ မူဆယ်၊ တာချီလိတ်၊ ကော့သောင်း၊ ပဲခူး၊ မကွေး၊ မော်လမြိုင်၊ မြဝတီ၊ နေပြည်တော်၊မန္တလေး စသည်တို့တွင် ဘဏ်ခွဲပေါင်း ၄၈ ခု ဖွင့်လှစ်ထားသည်။[]

ဘဏ်သမိုင်းကြောင်း

ဧရာဝတီ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (ခေါ်) A bank (အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်) ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၃/၂ဝ၁၄ နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။[]

ဝန်ဆောင်မှုများ

ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ် ငွေလွှဲဝန်ဆောင်မှုအား ထိုင်းအခြေစိုက် Kasikorn Bank နှင့် ဆောင်ရွက်ခွင့်ရရှိထားသည်။[] ထိုင်း-မြန်မာ ဗဟိုဘဏ်များက Designated Bank အဖြစ် ရွေးချယ်ခြင်းအား ၂၀၂၂ မတ်လထဲတွင် ရရှိခဲ့၍ဖြစ်သည်။[] ယင်းအပြင် မြန်မာနိုင်ငံအတွင်း ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းနှင့် ဖွံ့ဖြိုးရေးဘဏ် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ကိုးကား

  1. မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားသော ပုဂ္ဂလိကဘဏ်များ | Central Bank of Myanmar။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်။ 3 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁ အောက်တိုဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  2. U Zaw Win Shein (in my-MM)။ 1 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁ အောက်တိုဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  3. https://burma.irrawaddy.com/business/2022/09/13/254486.html
  4. "အူရီဒူးမြန်မာပိုင်ရှင်သစ် ဧရာဟင်္သာလုပ်ငန်းစုမှ ဇော်ဝင်းရှိန်ဖြစ်နိုင်" (in my)၊ Myanmar NOW။ 1 October 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 1 October 2022။ 
  5. Branches (in my-MM)။ ၁ အောက်တိုဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  6. Company Profile။ ၁ အောက်တိုဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  7. "မြန်မာ A Bank နှင့် ထိုင်း K Bank တို့ ဘတ်ငွေနှင့် ကျပ်ငွေတိုက်ရိုက်ပေးချေ ဆောင်ရွက်ခွင့်ရရှိ" (in en)၊ ဒီဗွီဘီ၊ ဒီဗွီဘီ၊ ၁၅ မတ် ၂၀၂၂။ 
  8. "ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် ဘတ်ငွေနှင့် ကျပ်ငွေတိုက်ရိုက် အသုံးပြုပေးချေနိုင်ပြီဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်" (in my)၊ Eleven Media Group Co., Ltd 
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya